ဘဝဆိုတာ တိုတိုလေးလို့ထင်တာပဲနော်----မျက်စိတစ်မှိတ်စာအတွင်းမှာပဲ အရမ်းကိုတိုတောင်းလွန်းပါတယ် အဒီထဲမှာမှ ဖြူဖြူစင်စင်လေးနဲ့ စိတ်ချမ်းချမ်းသာသာ ရှင်သန်နေထိုင်သွားရရင် ပိုကောင်းတာပေါ---မဟုတ်ဘူးလား တစ်ခါတစ်လေ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို---နာကျင်ဝမ်းနည်းမှုတွေလဲ ကြုံရတဲ့အချိန်တွေလဲ မရေတွက်နိုင်အောင်ပဲ ရှိတတ်ကြပါတယ် တစ်ခါတစ်လေမှာ ကြုံလာရမယ့် စိတ်ပျက်စရာတွေကိုလည်း ကြံ့ကြံ့ခံရင်းပေါ-- အနိုင့်ကျင့်ခံရတာတွေလဲ ရှိလာမှာပဲ ဘယ်လိုမှမတတ်နိုင်ပေမဲ့ အဲလိုအချိန်တိုင်းမှာ အားတင်းနေနိုင်ဖို့အရေးကြီးတယ်လေ--ဒါပေမဲလဲ လိုအပ်လာမယ်ဆိုရင် အမြဲတန်းငုံ့ခံမနေတတ်တဲ့ ရဲရင့်တဲ့စိတ်ထားလေးလဲ ရှိဖို့လိုအပ်တယ်..သူများခြောက်တိုင်း မကြောက်တတ်အောင်လဲ လေ့ကျင့်ထားရမယ် ..ဒါမှလူညံ့စာရင်းမဝင်မှာလေ..ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးပဲဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ရဲဝံ့စွာ ယှဉ်ပြိုင်နိုင်ရမယ်... ဒါပေမဲ့လဲ တစ်ခါတစ်လေတော့ ကိုယ်ကိုယ်တိုင်က နိုင်ထက်စီးနင်း လုပ်လိုစိတ်တွေပေါ်လာတတ်တယ်.. အဲဒါတွေကို သာယာမနေပဲ ရှက်တတ်တဲ့စိတ်လေးရှိရတယ်... ဘာမဟုတ်တာတဲ့ကိစ္စလေးတခုဟာ တစ်ချို့တွေအတွက် အဆိုးမြင်ပြီး စိတ်ညစ်စရာဖြစ်နေပေမဲ့.. တစ်ချို့အတွက်ကတော အကောင်းမြင်ပြီး ရယ်မောပျော်ရွှင်နေရတာတွေ ရှိတတ်တယ်. အဲလိုလူမျိုးတွေဟာ...စိတ်ချမ်းသာကြတယ်.. ပြီးတော ပါးနပ်လျှင်မြန်မှုဆိုတာလဲ နေရတိုင်းမှာ အသုံးဝင်ပါတယ်.. စူးစမ်းလိုစိတ် စွန့်စားလိုစိတ်တွေ ရှိတာလဲကောင်းတာပေါ.. ဒါပေမဲ့ အတတ်လွန်သွားရင်လဲ ဒုက္ခရောက်ရော.. ကိုယ်နဲ့လိုက်ဖက်မှလည်း ကြည့်လို့ကောင်းတယ်လေ.. ဘယ်နေရာမဆို အတိုင်းအတာနဲ့ပဲကောင်းတယ် ..နည်းနည်းလေးလွန်သွားရင်လဲ ခြေချော်လက်ချော် ပြုတ်ကျတတ်တယ်.. နေရာတိုင်းမှာ သတိရှိတာ ကောင်းတာပေါ ..သတိရှိတာ ပိုသည်မရှိတဲ့..အကောင်းဆုံးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုအပ်တယ်.. အဖြူအမဲမရွေး..သာတူညီမျှတဲ့ စိတ်ထားနဲ့ ပွင့်လင်းဖော်ရွှေတတ်ရတယ်.. ဒါမှလည်း ဘဝရဲ့အဖေါ်မွန်ကောင်းတွေကို ပိုင်ဆိုင်ရမှာပေါ ..အတတ်နိုင်ဆုံးတော့ ပြုံးပြုံးလေးနေ ..အပြုံးဆိုတာ ပေါင်းသင်းဆက်ဆံရေးမှာ အဓိကအကျဆုံး ပေါင်းကူးတံတားပဲတဲ့... ရယ်စရာရှိရင် အားပါးတရရယ်မောလိုက် .. ရယ်မောခြင်းသည်အသက်ကို ပိုရှည်စေ၏ဟု ဆိုပဲ.. တစ်ခါတစ်လေ အရင်းနှီးဆုံးလူက ကိုယ့်ကိုရောင်းစားလိုက်သလို အဖြစ်မျိုးတွေလဲ ကြုံရတတ်တယ်..အဲဒီလို ဒေါသထွက်စရာတွေ ကြုံလာရင်လည်း သည်းခံကြည့်ပေါ... သည်းမခံနိုင်ရင်တော ဘယ်သူမှမရှိတဲ့နေရာမှာ ပေါက်ကွဲလိုက်တာ အကောင်းဆုံးပဲ တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွန်စိတ်ဓါတ်ကျနေတာ မျိုးလည်းရှိတတ်တယ်.. တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ... အဲလိုအခါမျိုးတွေမှာ စိတ်ကိုRelaxလုပ်ပေးရတယ်... အားငယ်စရာတွေပဲတွေးမနေနဲ့.. ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ... နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း.. စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ်ပေါ... နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဖို့ပဲလိုတယ် .. နောက်ပြီးတော ဘဝမှာ မရှိမဖြစ်လိုအပ်တာ မေတ္တာတရားပဲ ...၅၂၈ မေတ္တာတရားရော... ၁၅၀၀ ဆိုတဲ့ချစ်ခြင်းမေတ္တာရောပေါ... ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ဘဝကို ပိုင်ဆိုင်ရမယ်လေ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးမှာ အဓိကကျတာတော နားလည်မှုဆိုတာပါပဲ... ရင်ဖွင့်တိုင်ပင်ဖေါ် သူငယ်ချင်းကောင်းဆိုတာကတော မရှိမဖြစ်ပဲ... စစ်မှန်တဲ့သူငယ်ချင်းဟာ ဘုရားသခင်ကပေးတဲ့ လက်ဆောင်ပါတဲ့.. သူငယ်ချင်းအားလုံး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့.. ပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုရင်း ............
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment