saw chit thi ha

လာရောက်လည်ပတ်သော မိတ်သင်္ဂဟအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ စောချစ်သီဟမှ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

{ဒု=မကောင်းသော+စရိတ=စရိုက် (အကျင့်)}

ဒုစရိုက်တရား(၁၀)ပါး မှာ

- ကာယဒုစရိုက် = ကာယကံ (၃)ပါး

- ၀စီဒုစရိုက် = ၀စီကံ (၄)ပါး

- မနောဒုစရိုက် = မနောကံ (၃)ပါးတို့ ဖြစ်ပါသည်။



ကာယဒုစရိုက် = ကာယကံ(၃)ပါး

(၁) ပါဏာတိပါတ = သူတစ်ပါးအသက်ကို သတ်ခြင်း၊

(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊

(၃) ကာမေသုမိစ္စာစာရ = ကာမဂုဏ်တို့၌ မှားယွန်းစွာ ဖောက်ပြန်ကျူးလွန်ခြင်း။



ဝစီဒုစရိုက် = ၀စီကံ (၄)ပါး

(၁) မုသာဝါဒ = မဟုတ်မမှန်သော အရာကို ဟုတ်မှန်သည့်အနေဖြင့် လိမ်ညာပြောဆိုခြင်း၊

(၂) ပိသုဏ၀ါစာ =ချောပစ် ကုန်းတိုက်ခြင်း၊ ချစ်သူနှစ်ဦး ကွဲသွားအောင်၊ သို့မဟုတ် မိမိအားချစ်ခင်လာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးခြင်း၊ သင့်တင့်ညီညွတ်နေသော မိတ်ဆွေနှစ်ဦးတို့ကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်း၊

(၃) ဖရုသ၀ါစာ = ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာ ပြောဆိုခြင်း၊

(၄)သမ္ဖပ္ပလာပ = မိမိသူတစ်ပါး နှစ်ဦးသား လုံးဝအကျိုးမရှိသော စကားပြောဆိုခြင်း။



မနောဒုစရိုက် = မနောကံ (၃)ပါး

(၁) အဘိဇ္ဇျာ =သူများ စည်းစိမ်ဥစ္စာ ချမ်းသာ ကြွယ်ဝနေသည်ကို မြင်သောအခါ "ထိုစည်းစိမ် ချမ်းသာများ ငါ၏ဥစ္စာဖြစ်လာပါမူ ကောင်းလေစွ"ဟု သူတစ်ပါး၏ စည်းစိမ်ချမ်းသာအပေါ် မကောင်းကြံစည်ခြင်း၊

(၂) ဗျာပါဒ = သူတစ်ပါး ပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း၊

(၃) မိစ္စာဒိဋ္ဌိ = လှူခြင်းသည် အကျိုးမရှိ၊ မလှူခြင်းသည် အပြစ်မရှိ စသည်ဖြင့် ဖောက်ပြန်မှားယွင်းစွာ ယူခြင်း။



ဤ ဒုစရိုက် (၁၀)ပါးကို အကုသလကမ္မပထတရား (၁၀)ပါး ဟုလည်းခေါ်သေး၏။

(အကုသလ=အကုသိုလ် + ကမ္မ=ကံ + ပထ= အပ္ပါယ်ရောက် ကြောင်းလမ်း)






ထို့ကြောင့် ဒုစရိုက် (၁၀)ပါး တရားကို သိရှိနားလည်ကြကုန်သော ဗုဒ္ဓဘာသာဝင် တို့သည် ရှေးကပြုခဲ့မိသော မကောင်းမူ့ အကုသိုလ် တို့ကို ပပျောက်စေရန် ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်တရားတို့ကို ပြုလုပ်ပွားများသင့်၏။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန်ကြိုးစားအားထုတ်မှု့ (သမ္မပ္ပဓာန်)တရားတို့ကို ပြုလုပ်သင့်ကြပါသည်။ ဤသို့ဖြင့် အပါယ်သို့မကျရောက်အောင် နေထိုင် ကျင့်ကြံ့ပီး ဘာသာသွေး ဘာသာအသိတို့ တိုးတက် ဖွံ့ဖြိုးအောင်ဆောင်ရွှက်နိုင်ကြပါလျှင် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးသည် အရှည်တည်တံ့ ထွန်းကား ပြန့်ပွားနိုင်မည် ဖြစ်ပါသည်။

0 comments: