ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း
မျက်နှာကို အရင်မသစ်ဘဲ ခြေထောက်
နှစ်ဖက်လုံး ဒူးအထက်ကနေပြီး
ရေသုံးခွက်စီလောက် လောင်းပေးပါ။ ဒါက
တစ်ကိုယ်လုံး ပြန့်နှံ့နေတဲ့ အပူခိုးတွေကို
ခြေထောက်ထိရောက်သွားအောင် ဆွဲချလိုက်တာပါ။
ပြီးရင် ချက်ချင်းမျက်နှာမသစ်ရသေးပါဘူး။
ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့
အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီး
လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်။
အောက်ချလိုက်နဲ့ အနည်းဆုံး
အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါ။
ပြီးရင် တက်နေတဲ့ ဇက်ကြောတွေ
လျော့သွားအောင် ခေါင်းကိုနောက်ကျောဘက်
ရောက်နိုင်သလောက်လှန်ချရမယ်။ ရှေ့ကိုလည်း
ရသလောက်ငုံ့ပေးပါ။ ဒါကလည်း အကြိမ်၂၀လောက်
ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာအခါ ၂၀လောက်
လှည့်ပေး။ ပြီးမှ မျက်နှာသစ်။ ပါးစပ်ကို
ပိတ်ထားရမယ်တဲ့။ သစ်ပြီး မျက်နှာကိုသုတ်။
ပြီးတော့မှ သွားတိုက်ပါတဲ့။
ဒီနည်းက သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့နည်းပါ။
စိတ်ပါဝင်စားသူများ စမ်းသပ်ကြည့်ပေါ့ဗျာ။ ကြာကြာလုပ်နိုင်လေကောင်းလေပဲ။
ိဒီနည်းလေးကို မေတ္တာရှင် (ရွှေပြည်သာ) ရေးတဲ့
စာရိတ်တ သတ်တိ ဆိုတဲ့ စာအုပ်လေးက ရတာပါ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment